OWIC ကိုင်ဆောင်ထားသူများ ပြည်ပထွက်ခွာခွင့်တင်ပြရာတွင် Form ပုံစံများ သီးခြားစီအသုံးပြုရန် အသိပေး

Jan 27 • 7:24 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

OWIC ကိုင်ဆောင်ထားသူများ ပြည်ပထွက်ခွာခွင့်တင်ပြရာတွင် Form ပုံစံများ သီးခြားစီအသုံးပြုရန် အသိပေး

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လက်ဝယ်ရှိသူများအနေဖြင့် မိမိအစီအစဉ်ဖြင့် ပြည်ပထွက်ခွာခွင့် တင်ပြရာတွင် လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်စေရန်နှင့် စာရွက်...

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) လက်ဝယ်ရှိသူများအနေဖြင့် မိမိအစီအစဉ်ဖြင့် ပြည်ပထွက်ခွာခွင့် တင်ပြရာတွင် လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်စေရန်နှင့် စာရွက်စာတမ်း အမှားအယွင်းမရှိစေရန်အတွက် "ခွင့်ပြန်" (Re-entry) နှင့် "ကျွမ်းကျင် - အသစ်" (Skilled - New) ဟူ၍ Form ပုံစံနှစ်မျိုးကို သီးခြားစီ ခွဲခြားအသုံးပြုရမည်ဖြစ်သည်။ လျှောက်ထားသူများအနေဖြင့် မိမိနှင့်သက်ဆိုင်သည့် Form အလိုက် ပူးတွဲတင်ပြရမည့် အချက်အလက်နှင့် စာရွက်စာတမ်းများ အားလုံး ပြည့်စုံစွာ ပါဝင်ရန် လိုအပ်ကြောင်း Safe Migration က အသိပေးနှိုးဆော်ထားပြီး လိုအပ်သည့် နမူနာ Form ပုံစံများကိုလည်း ကြည့်ရှုနိုင်ရန် တင်ပြပေးထားကြောင်း သိရှိရပါသည်။

news-view-count-icon

41