၂၀၂၅ ခုနှစ်က ၆၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တဲ့ ရွှေဈေးဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အနေနဲ့ တစ်အောင်စကို ဒေါ်လာ ၅,၁၀၀ ကျော်အထိ ဆက်လက် မြင့်တက်လာခဲ့ပါတယ်။ဂရင်းလန်းကျွန်းနဲ့ပတ်သက်လို့ အမေရိကန်နဲ့ နေတိုး အဖွဲ့ကြား တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဘဏ္ဍာရေး၊ ပထဝီနိုင်ငံရေး မသေချာ မရေရာမှုတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ကမ္ဘာ့ရွှေဈေး သမိုင်းဝင် မြင့်တက်လာတာ ဖြစ်ပါတယ်။အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန်အတုပ်ဆိုင်ရာ မူဝါဒတွေကြောင့်လည်း ဈေးကွက်တွေကို စိုးရိမ် ပူပန်စေခဲ့ပါတယ်။တန်ဖိုးရှိ သတ္တုတွေအတွက် ဝယ်လိုအား မြင့်တက်လာတာဟာ ပုံမှန်ထက်ပိုမြင့်မားလာနေတဲ့ ငွေဖောင်းပွမှု၊ အမေရိကန် ဒေါ်လာ အားနည်းနေမှု၊ ကမ္ဘာတဝန်းရှိ ဘဏ်တွေက ဝယ်ယူနေမှု အပါအဝင် တခြားအကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။
ကမ္ဘာ့ပထမဆုံးအဖြစ် ရွှေဈေး တစ်အောင်စကို ဒေါ်လာ ၅,၁၀၀ ကျော်အထိ စံချိန်တင်
Jan 27 • 4:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


