ရန်ကုန်မြို့ရှိ အင်းယားကန်ပေါင်သို့ ယခုနောက်ပိုင်းတွင် လာရောက်သူအများအပြားရှိလာသော်လည်း အဆိုပါ ကန်ပေါင်အနီး ဖွင့်ထားသော စားသောက်ဆိုင်များအနေဖြင့် ရောင်းအားကျဆင်းနေသော အခြေအနေမျိုး ကြုံနေရကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရသည်။အင်းယားကန်ပေါင်သို့ လေ့ကျင့်ခန်းလာရောက်လုပ်ဆောင်ခြင်း၊ အပန်းဖြေလာရောက်ခြင်းတို့ရှိနေပြီး လာရောက်သူအများစုမှာ ယခင်ကကဲ့သို့ စားသောက်ဆိုင်များတွင်ထိုင်၍ စားသောက်ခြင်းမျိုးမရှိတော့သည့် အတွက် ဆိုင်များဘက်မှ ရောင်းအားကျဆင်းနေခြင်းလည်းဖြစ်ကြောင်း ဆိုကြသည်။ကန်ပေါင်ရှိဆိုင်များမှာ လာရောက်စားသောက်သူများအဆင်ပြေစေရန် စျေးနှုန်းမြင့်မားခြင်းမျိုးမရှိဘဲ အခြားသောအပြင် ဆိုင်များနှင့် တန်းတူစျေးနှုန်းမျိုးသာ သတ်မှတ်ထားပြီး ဟင်းပွဲတွင်ပါဝင်မှုပမာဏအနည်းငယ် လျှော့ချထားခြင်းများလည်း ရှိကြသည်။
ရန်ကုန်မြို့ရှိ အင်းယားကန်ပေါင်မှဆိုင်များ လာသူများသော်လည်း စားသူနည်းသဖြင့် လူရှင်းနေ
Jan 27 • 2:28 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


