ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုက်ကြီးမြို့တွင် "မှန်ပြတောင် အသွားအပြန်" စက်ဘီးပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက်၊ နံနက် ၈ နာရီ၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ ယင်းပြိုင်ပွဲသည် ၃၆ ကီလိုမီတာ အမျိုးသား (အလွတ်တန်း) အမျိုးအစားဖြစ်ပြီး ဆည်မြောင်းရုံးရှေ့မှ စတင်တာလွှတ်ကာ မှန်ပြတောင်ပေါ်သို့ အသွားအပြန်စီးနင်းရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအနေဖြင့် Tyre Size ၁.၉၅ ထက်မသေးသော၊ ရှေ့ရှော့ဘားပါဝင်သည့် MTB စက်ဘီးများကိုသာ အသုံးပြုရမည်ဖြစ်ပြီး မော်တာ သို့မဟုတ် ဘက်ထရီအကူအညီပါသော စက်ဘီးများကို ခွင့်ပြုမည်မဟုတ်ပေ။ ပထမဆု ကျပ် ၇ သိန်းမှ ဆဋ္ဌမဆု ကျပ် ၂ သိန်းအထိ သတ်မှတ်ထားသည့်အပြင် အဆင့် ၃၀ အထိ ဆုများ ချီးမြှင့်သွားမည်ဖြစ်ကာ ပြိုင်ပွဲကျင်းပမည့်နေ့တွင် သုဝဏ္ဏဘောလုံးကွင်းမှတစ်ဆင့် တာလွှတ်မည့်နေရာသို့ ကြိုပို့ယာဉ်များ စီစဉ်ပေးထားကြောင်း သိရှိရပါသည်။
တိုက်ကြီးမြို့၌ ၃၆ ကီလိုမီတာ မှန်ပြတောင်အသွားအပြန် MTB စက်ဘီးပြိုင်ပွဲ ကျင်းပမည်
Jan 26 • 7:21 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 23 | 0 | 0 | 0 |


