မန်ယူအသင်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရင်တောင် လာမယ့်ရာသီမှာ ကာရစ်ထက် ပိုကောင်းတဲ့နည်းပြကို ခန့်အပ်ဖို့လိုအပ်တယ်လို့ ရွိုင်ကင်း ပြောကြား

Jan 26 • 4:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ယူအသင်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရင်တောင် လာမယ့်ရာသီမှာ ကာရစ်ထက် ပိုကောင်းတဲ့နည်းပြကို ခန့်အပ်ဖို့လိုအပ်တယ်လို့ ရွိုင်ကင်း ပြောကြား

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူအသင်းရဲ့ ကစားသမားဟောင်း ရွိုင်ကင်းက ဒီရာသီမှာ မန်ယူအသင်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရင်တောင် လာမယ့်ရာသီမှာ လက်ရှိယာယီနည်း...

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူအသင်းရဲ့ ကစားသမားဟောင်း ရွိုင်ကင်းက ဒီရာသီမှာ မန်ယူအသင်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရင်တောင် လာမယ့်ရာသီမှာ လက်ရှိယာယီနည်းပြ ကာရစ်ထက် ပိုကောင်းတဲ့နည်းပြ ခန့်အပ်ဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။မန်ယူအသင်းဟာ ပေါ်တူဂီနည်းပြ အာမိုရင်မ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ကာရစ်ကို ရာသီကုန်အထိသာ ယာယီနည်းပြအဖြစ် ခန့်အပ်ထားတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်ကောင်းပြသနေတာကြောင့် နည်းပြသစ်အဖြစ် ခန့်အပ်သင့်တယ်ဆိုတဲ့ အကြံပေးမှုတွေလည်း ရှိနေပါတယ်။ကာရစ်ဟာ မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ဇန်နဝါရီ(၁၃)မှာ စတင်ဆောင်ရွက်ခဲ့ပြီး ပွဲဦးထွက်ယှဉ်ပြိုင်ခဲ့ရတဲ့ မန်ချက်စတာဒါဘီမှာ (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့သလို၊ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာလည်း (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)အပြီးမှာ အမှတ်ပေးဇယား စတုတ္ထနေရာရောက်ရှိလာပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့လည်း အလားအလာကောင်းလာပါတယ်။

news-view-count-icon

12