၂၅.၁.၂၀၂၆ ရက်နေ့၊ ၁၇ :၅၄ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် အမှတ်(၂)လမ်းထောင့်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသိရပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ကျား(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ကံပရဟိတအသင်း၊ မြို့ဦးလုလင်ပရဟိတအသင်း၊ အဖြူရောင်နှလုံးသားပရဟိတအသင်းနှင့် သီရိမင်္ဂလာပရဟိတအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။



