ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ ခေါ/င်းဖြ/တ်သ/တ်ခံရသည့် အမျိုးသမီး၏ ရုပ်အလောင်းကို ၎င်း၏ဇာတိသာယာဝတီမြို့နယ်သို့ ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်) ညနေပိုင်းတွင်ပို့ဆောင်ထားကြောင်း မြို့မလူမှုကူညီရေးအသင်းထံမှသိရသည်။အဆိုပါဖြစ်စဉ်မှာ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်နေထိုင်သည့် လင်မယားနှစ်ဦးသည် ယမန်နေ့နံနက် ၈ နာရီတွင်စကားများရာမှ ခင်ပွန်းသည်ကဇနီးဖြစ်သူကို ဓားရှည်ဖြင့်ခုတ်၍ ခေါ/င်း ဖြ/တ် သတ်ခဲ့ခြင်းဖြစ်သည်။ယင်းနောက်အမျိုးသားဖြစ်သူက ဓားရှည်နှင့်သေဆုံးသူ၏ဦးခေါင်းကိုဆွဲကာ ကားလမ်းမဘက် လမ်းလျှောက်ထွက်လာခဲ့ပြီး သေဆုံးသူ၏ဦးခေါင်းကိုလမ်းလယ်ခေါင်တွင်ချကာ ငုတ်တုတ်ထိုင်နေခဲ့သည်။ရပ်ထားသည့် အငှားယာဉ်တစ်စီးကို ဓားထောက်ခြိမ်းခြောက်၍ တိုးဂိတ်သို့မောင်းစေခဲ့ပြီး တိုးဂိတ်အရောက်တွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ ပိတ်ပင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။သေဆုံးသူအမျိုးသမီးမှာအသက်(၃၃) နှစ်အရွယ်ရှိပြီဖြစ်ပြီး သာယာဝတီဇာတိဖြစ်ကြောင်း၊ ၎င်းတွင် အသက်(၁၀) နှစ်ကျော်အရွယ်ရှိကလေးနှစ်ဦးကျန်ရစ်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူမှာ အသက်(၃၀) အရွယ်ရှိအမျိုးသားဖြစ်ပြီး သေဆုံးသူ၏ဒုတိယအိမ်ထောင်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးထားကြောင်း မြို့မလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။လက်ရှိတွင် သေဆုံးသူ၏ စျာပနအခမ်းအနားနှင့်ရက်လည်ဆွမ်းသွတ်မည့်နေ့ကို အတိအကျမသိရှိသေးပေ။မှော်ဘီမြို့နယ်၌ အလားတူဖြစ်စဉ်များမကြာခဏဖြစ်ပွားနေသည်မှာ လေးကြိမ်ခန့်ရှိကြောင်း၊ ယခု ဇန်နဝါရီလအတွင်း အိမ်ထောင်ကွဲထားသည့်ကျန်းမာရေးဆရာမတစ်ဦးနှင့် အသက်(၁၀) နှစ် အရွယ် သမီးဖြစ်သူတို့အား အဆိုပါကျန်းမာရေးဆရာမ၏ရည်းစားဖြစ်သူမှ ဘုရားဖူးအတူသွားကြရင်း ဆရာမကိုရိုက်သ/တ်ကာ သမီးဖြစ်သူအား ဇ/က်/ချိုးသ/တ်ပြီး မြောင်းတကာစက်မှုဇုန်ရှေ့ရှိ အမှိုက်ပုံတွင် စွန့်ပစ်မှုဖြစ်ပွားခဲ့သေးသည်။



