မန္တလေးရွှေဆိုင်များ၌ ရွှေဈေးနှုန်း မြင့်တက်လာခြင်းကြောင့် အရောင်းအဝယ် ရပ်ဆိုင်းထားရ

Jan 25 • 3:48 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးရွှေဆိုင်များ၌ ရွှေဈေးနှုန်း မြင့်တက်လာခြင်းကြောင့် အရောင်းအဝယ် ရပ်ဆိုင်းထားရ

မန္တလေးဈေးကွက်အတွင်းမှာ အရောင်းအဝယ်အားလုံးနီးပါး ရွှေဈေးနှုန်းတွေ စံချိန်တင် မြင့်တက်နေတာကြောင့် ရပ်ဆိုင်းနေရတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ပြီးခဲ့တဲ့ရက...

မန္တလေးဈေးကွက်အတွင်းမှာ အရောင်းအဝယ်အားလုံးနီးပါး ရွှေဈေးနှုန်းတွေ စံချိန်တင် မြင့်တက်နေတာကြောင့် ရပ်ဆိုင်းနေရတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီး ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို သိန်း ၁၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာတာဖြစ်ပြီး နေ့စဥ်လည်း ဆက်လက်မြင့်တက်နေတာဖြစ်ပါတယ်။"ကြောက်စရာကောင်းလောက်အောင်ကို ဈေးတွေတက်နေတာပေါ့။ ကမ္ဘာ့ရွှေဈေးကလည်း တက်နေတော့ ပိုဆိုးတယ်။ ဝယ်မယ့်သူလည်း မရှိ။ ရောင်းမယ့်သူလည်း မရှိ။ ဆိုင်တွေကလည်း မဖြစ်မနေသာ ဖွင့်ထားရတယ်။ လူမရှိဘူး" လို့ မန္တလေးဒေသခံရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။လက်ရှိအချိန်မှာ မန္တလေးမြို့ပေါ်ကရွှေဆိုင်တွေဟာ ဆိုင်ဖွင့်ကြောင်းဆိုင်းဘုတ်တွေ အသီးသီးချိတ်ဆွဲထားကြပေမဲ့ တံခါးတွေကိုတော့ ပိတ်ထားကြတာမြင်တွေ့ရပါတယ်။

news-view-count-icon

22