ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ဆတ်သွားတော ပေတစ်ရာမြောက်ပိုင်းရပ်ကွက်ထဲမှာ လင်မယားစုံတွဲရန်ဖြစ်ရာကနေ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို ဓားရှည်နဲ့ ခေါင်းဖြတ်သတ်လိုက်တယ်လို့ အိမ်နီးချင်းတချို့က အတည်ပြုပါတယ်။ဒီလူသတ်မှုဟာ ယနေ့မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဖြစ်ပွားခဲ့တာလို့ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။"လာကြပါဦးဆိုပြီး အိမ်ရှင်မိသားစုက အော်ခေါ်လို့ သွားလိုက်တာ၊ ရောက်တော့ အလောင်းတွေ့တာနဲ့ မဝင်ရဲတာနဲ့ ပြန်ပြေးလာတယ်" လို့ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။



