ပထမဆုံး ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်ကို ၂၀၁၃ ခုနှစ်မှာ ပြိုင်ပွဲဝင်ပေါင်း ၁,ဝ၅ဝ နဲ့သာ စတင်ခဲ့ပေမယ့် တစ်နှစ်ထက် တစ်နှစ် ပြိုင်ပွဲဝင် လူဦးရေညတိုးပွားလာပြီး ၂၀၂၀ ခုနှစ်တွင် ပြိုင်ပွဲဝင်ပေါင်း ၁၀,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး နိုင်ငံတ ကာ က အပြေးသမား ၇ဝဝ ကျော်ပါဝင်ခဲ့ပါတယ်။ ၈ ကြိမ်မြောက် ပွဲစဉ်ကို ၂၀၂၀ ခုနှစ်မှာ ကျင်းပပြီးတဲ့နောက် ဒီနှစ် ၂ဝ၂၆ ခုနှစ်မှာ (၉) ကြိမ်မြောက် မာရသွန်ကို ပထမဆုံးအကြိမ်အဖြစ် မန္တလေးမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။မန္တလေးမြို့ မှာ ၂၀၂၆ ရိုးမ အပြည်ပြည်ဆိုင်ရာယထုလက်ရှိ မာရသွန်ပြိုင်ပွဲ ကို ဇန်နဝါရီ ၂၄ ရက်နေ့ မနက်အစောပိုင်း က စပြီး ဗထူးအားကစားကွင်းမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ပြိုင်ပွဲမှာ တဝက်မာရသွန် (၂၁ ကီလိုမီတာ)၊ စိန်ခေါ်ပြေးပွဲ (၁၀ ကီလိုမီတာ)နဲ့ (၅ ကီလိုမီတာ) အပျော်တမ်း ပြေးပွဲတွေဖြစ်တဲ့ ပြိုင်ပွဲအမျိုးအစား ၃ မျိုး ပါဝင်ပြီး တဝက်မာရသွန်(၂၁ ကီလိုမီတာ) (အမျိုးသမီး/အမျိုးသား) ပြိုင်ပွဲ မှာ ပထမဆု ငွေကျပ် သိန်း ၃၀ ၊ ဒုတိယဆု ငွေကျပ် ၂၀ သိန်း၊ တတိယဆု ငွေကျပ် ၁၅ သိန်း ၊ စတုတ္ထဆု က စပြီး ဒသမဆု ထိ ငွေကျပ် ငါးသိန်းစီ ချီးမြှင့်ပေးသွားမှာဖြစ်ပြီး စိန်ခေါ် ပြေးပွဲ(၁၀ကီလို မီတာ) (အမျိုးသမီး/အမျိုးသား) ပြိုင်ပွဲမှာလည်း ပထမဆု ငွေကျပ် သိန်း ၁၅ ၊ ဒုတိယဆု ငွေကျပ် ၁၀သိန်း၊ တတိယဆု ငွေကျပ် ၅သိန်း ၊စတုတ္ထဆု ကနေ ဒသမဆု ထိ ငွေကျပ် နှစ်သိန်းစီ ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။
းမန္တလေးပွဲစဉ်ကို Run for Community ဆောင်ပုဒ်နဲ့ ကျင်းပတာဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း လိုအပ်နေတဲ့ လူမှုအကျိုးပြု အဖွဲ့အစည်းတွေကို ထောက်ပံ့လှူဒါန်းသွားမှာဖြစ်သလို ငလျင်ဒဏ်ထိထားတဲ့ မဟာမုနိဘုရားကြီးအတွက် သိန်း ၁၀၀၀ ကျပ် လှူဒါန်းသွားမှာဖြစ်တယ်လို့ ပွဲကျင်းပရေးကော်မတီကနေ သိရပါတယ်။



