ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ဇောတိရှမ်းရိုးရာ (၂၄) ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကို တပို့တွဲလအတွင်း ကျင်းပမည်

Jan 23 • 3:37 AM

breaking-news

မြန်မာ

ကချင်

cover

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ဇောတိရှမ်းရိုးရာ (၂၄) ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကို တပို့တွဲလအတွင်း ကျင်းပမည်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ပညာလင်္ကာရ ဇောတိရှမ်းကျောင်းတိုက်၌ သုံးနှစ်တစ်ကြိမ်ကျင်းပမြဲဖြစ်သော (၂၄) ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲတော်ကို ၁၃၈၇ ခုနှ...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ပညာလင်္ကာရ ဇောတိရှမ်းကျောင်းတိုက်၌ သုံးနှစ်တစ်ကြိမ်ကျင်းပမြဲဖြစ်သော (၂၄) ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲတော်ကို ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်မှ လပြည့်နေ့အထိ လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်တွင် ရှင်သာမဏေလောင်း ၇၀ ခန့်ရှိပြီး ၎င်းတို့သည် ရှင်မပြုမီကပင် ဝိနည်း၊ အဘိဓမ္မာနှင့် ရှင်ကျင့်ဝတ်များကို ကြိုတင်လေ့လာသင်ယူရသည့် ထူးခြားသော ဘာသာရေးစည်းကမ်းများ ရှိပါသည်။ ယခင်နှစ်များကကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တိုက်အားတိုက် မကျင်းပနိုင်သော်လည်း နယ်မြေခံဇောတိရှမ်းနွယ်ဝင်များက ရိုးရာမပျက် ထိန်းသိမ်းကျင်းပသွားမည်ဖြစ်ကာ ပွဲတော်တွင် ရှမ်းရိုးရာအကမျိုးစုံနှင့် စတုဒီသာဧည့်ခံကျွေးမွေးမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

16