မြန်မာ့လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းအတွက် ထိုင်းလူမျိုးနည်းပြချုပ် ပတ္တယား၊ ထိုင်းလူမျိုးဂိုးနည်းပြ ဆဒ်ဒစ်ဆရီ၊ လက်ထောက်နည်းပြအဖြစ် အမျိုးသမီးလက်ရွေးစင်နည်းပြဟောင်း ပရာဆဒ်တို့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တစ်နှစ်သက်တမ်းတိုး စာချုပ်,ချုပ်ဆိုခဲ့ကြောင်း IMANE Thailand ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ထိုင်းနည်းပြ ပတ္တယားဟာ မြန်မာအမျိုးသားဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ၂၀၂၅ခုနှစ်မှာ စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် အာရှဖလားခြေစစ်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အောင်မြင်မှုမရခဲ့ဘဲ အာရှဖလားခြေစစ်ပွဲမအောင်ခဲ့သလို ဆီးဂိမ်းမှာလည်း ၄ပွဲကစားရာမှာ ၄ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအမျိုးသားဖူဆယ်အသင်းအနေနဲ့ ၂၀၂၆ မှာ အနီးဆုံးပြိုင်ပွဲအဖြစ် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ရှိနေပြီး ဖူဆယ်လိဂ် ပ-အကျော့ပွဲစဉ်တွေအပြီးမှာ စခန်းဝင်လေ့ကျင့်မှုစတင်မယ်လို့ သိရပါတယ်။



