မြန်မာနိုင်ငံမှာ (၁၈)ပါး မြောက် တိပိဋကဓရ တိပိဋ ကကောဝိဒဘွဲ့ရဆရာတော်တစ်ပါးပေါ်ထွန်းလာ

Jan 22 • 1:36 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံမှာ (၁၈)ပါး မြောက် တိပိဋကဓရ တိပိဋ ကကောဝိဒဘွဲ့ရဆရာတော်တစ်ပါးပေါ်ထွန်းလာ

ရန်ကုန်မြို့၊သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးမှာ ၂၀၂၅ ခုနှစ်၊ဒီဇင် ဘာ၂၁ ရက်ကနေ ၂၀၂၆ခုနှစ်၊ဇန်နဝါရီ ၂၂ ရက်ထိ ကျင်းပခဲ့တဲ့ (၇၈) ကြိမ်မြောက်...

ရန်ကုန်မြို့၊သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးမှာ ၂၀၂၅ ခုနှစ်၊ဒီဇင် ဘာ၂၁ ရက်ကနေ ၂၀၂၆ခုနှစ်၊ဇန်နဝါရီ ၂၂ ရက်ထိ 

ကျင်းပခဲ့တဲ့ (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲမှာ မြန်မာနိုင်ငံရဲ့

 (၁၈)ပါး မြောက် တိပိဋကဓရ တိပိဋ ကကောဝိဒဘွဲ့ရဆရာတော်တစ်ပါးပေါ်ထွန်းလာခဲ့တယ်လို့ သံ ဃာတော်အရှင်သူမြတ်တွေဆီက သိရပါတယ်။(၁၈)ပါး မြောက် တိပိဋကဓရ တိပိဋ ကကောဝိဒဘွဲ့ရဆရာတော်မှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ ဒီပဲယင်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ပထမဆုံးတိပိဋကဓရ တိပိဋ ကကောဝိဒဘွဲ့ရဆရာတော်ကြီးမှာ မင်းကွန်းဆရာတော်ကြီး 

ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသဖြစ်ပြီး (၁၇)ပါးမြောက် တိပိဋကဓရ တိပိဋ ကကောဝိဒဘွဲ့ရဆရာတော်ကြီးမှာ ရေဦးဆရာတော် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

64