ရှမ်းပြည်နယ်၏ ဂုဏ်ဆောင် ခရီးသွား မြို့တော်ဖြစ်သော ပင်းတယမြို့ သည် ၂၀၂၆ ခုနှစ်အတွက် "အာဆီယံ အသန့်ရှင်းဆုံး ခရီးသွားမြို့တော်ဆု" (ASEAN Clean Tourist City Award) ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ ကြောင်း ပင်းတယ မြို့ခံ ပြည်သူ ပြောပြချက် အရ သိရသည်။ပင်းတယမြို့၏ သဘာဝအလှတရားများ၊ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်နှင့် စနစ်တကျရှိသော ခရီးသွားလုပ်ငန်းများကြောင့် ယခုကဲ့သို့ အာဆီယံအဆင့်မီ အသိအမှတ်ပြုခံရခြင်း ဖြစ်ကြောင်း ပင်းတယမြို့ တာဝန်ရှိသူများကလည်း ဆိုထားသည်။ ပင်းတယတွင် လည်ပတ်နိုင်သော နေရာများမှာ ရွှေဥမင်ဘုရားနှင့် ပုန်းတလုတ်ကန်တို့ တည်ရှိကာ၊ သာယာလှပသော ရှုခင်းများစွာ လည်ပတ်နိုင်သေးသည်။ထို့အပြင် တောင်ပေါ် မဲနယ်တောင် က ဘေဘီလုံ ခေါ် တိမ်ပင်လယ်ရှုခင်းများလည်ပတ်ကြည့်ရှု၍ရသလို ရွာငံနှင့်ထိစပ်သည့် ရေပြာအိုက်တောကျယ်ရေတံခွန်များလည်းရှိသည်။



