ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် လောင်းကစားဝိုင်းများ တရားဝင်ဖွင့်လှစ်ထားပြီး မြို့တွင်း၌ ခိုးဆိုးလုယက်မှုများ၊ နေအိမ်ဖေါက်ခံမှုများ မကြာခနဖြစ်သော်လည်း ဒေသခံအာဏာပိုင်များကလည်း တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။ ဇန်နဝါရီလ(၁၈)ရက်နေ့၌ နမ့်စန်ဈေးထဲရှိ ရွှေဆိုင်တစ်ခုကို အသက်(၂၀)လောက်အမျိုးသမီးတစ်ဦး ဝင်ရောက်လုယက်ခဲ့သေးပြီး ပစ္စည်းများပါသွားသော်လည်း ပြန်လည်ဖမ်းဆီးရမိကြောင်း သိရသည်။ ထိုသို့ခိုးဆိုးလုယက်မှု မကြာခနဖြစ်သော်လည်း တာဝန်ရှိပုဂ္ဂိုလ်များက တာဝန်ယူဖြေရှင်းပေးခြင်း မရှိသဖြင့် မြို့ခံများ အခက်တွေ့နေရကြောင်း သိရသည်။



