မကွေးတိုင်းဒေသကြီး၊အောင်လံမြို့ရဲ့ဆိုင်ကယ်ဈေးကွက်ထဲမှာ ကျပ်သိန်း ၃၀ ဝန်းကျင်ဆိုင်ကယ်အသစ်တွေ ကိုဝယ်ယူသူများပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ တွေဆီကသိရပါတယ်။အောင်လံမြို့ရဲ့ လက်ရှိဆိုင်ကယ်ဈေးကွက်အခြေနေတွေနဲ့ပတ်သက်လို့ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကိုအေးထွန်းက အခုလိုပြောပါတယ်။ အခုရာသီအချိန်ကာလက ပွင့်လင်းရာသီချိန်မို့ တောင်သူတွေရဲ့ သီးနှံအရောင်းအဝယ်ကောင်းတဲ့ပေါ်မူတည်ပြီး ဆိုင်ကယ်အရောင်းအဝယ်ကောင်းလာတာဖြစ်တယ်လို့ဆိုပါတယ်။ အောင်လံဆိုင်ကယ်ဈေးကွက်ထဲမှာ ထိုင်းနိုင်ငံထုတ် Honda ဆိုင်ကယ်အသစ်တွေကတော့ အဝင်နည်းပြီး တစ်စီးကို ကျပ်သိန်း ၉၀ ကနေ ကျပ်သိန်း ၁၀၀ အထိဈေး ပေါက်နေတယ်လို့ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။



