မူဆယ် - နမ့်ခမ်း ကားလမ်းပေါ် အိမ်စီးကားတစ်စီးမှကျပ်သိန်း ၁,၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Jan 21 • 1:25 PM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ် - နမ့်ခမ်း ကားလမ်းပေါ် အိမ်စီးကားတစ်စီးမှကျပ်သိန်း ၁,၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူဆယ်မြို၊ စွမ်စော်ရပ်ကွက်၊ မူဆယ် - နမ့်ခမ်းသွားကားလမ်းတွင် သွားလာနေသာ မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေနေစဉ် နော်ဆိုင်းအောင် မောင်းနှင်ပြီး တန်ဂွန်း လိုက်ပါလာသည...

မူဆယ်မြို၊ စွမ်စော်ရပ်ကွက်၊ မူဆယ် - နမ့်ခမ်းသွားကားလမ်းတွင် သွားလာနေသာ မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေနေစဉ် နော်ဆိုင်းအောင် မောင်းနှင်ပြီး တန်ဂွန်း လိုက်ပါလာသည့် TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာမှ ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော ကာလပေါက်ဈေးငွေ ၁,၇၁၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၅,၉၀၀ နှင့် ဘိန်းစိမ်းအလေးချိန် ၁၅ ကီလိုတို့ကို ယမန်နေ့ (ဇန်နဝါရီ ၂၀ ရက်)ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။အဆိုပါ ဖမ်းဆီးရမိသူအားလုံးကို သက်ဆိုင်ရာတာဝန်ရှိသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း သိရသည်။



news-view-count-icon

10