ကွမ်းရွက်၊ ကွမ်းသီးနှင့်ဆက်စပ်ပစ္စည်းများ၏ ဈေးများမှာ ယခုရက်ပိုင်းအတွင်း ဆက်လက်မြင့်တက်လာခြင်းကြောင့် နေပြည်တော်ဒေသတွင် အရောင်းနည်းသောကွမ်းယာဆိုင်ငယ်များမှာ အရောင်းရပ်ဆိုင်းထားရသည့်အခြေအနေမျိုးဖြစ်လာကြောင်း ကွမ်းယာရောင်းသူများထံမှ သိရသည်။ယခုအခါ ကွမ်းရွက်တစ်ပိဿာလျှင် ၄၀,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး ကွမ်းသီးတစ်ပိဿာလျှင် ၃၀,၀၀၀ ကျပ်ဝန်းကျင်ဈေးရှိနေကြောင်း၊ ကွမ်းယာအတွင်းထည့်စားသော ကွမ်းစားဆေးများမှာ တစ်ဘူးလျှင် ၂၀,၀၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်ကြား ဝယ်နေရကြောင်း သိရသည်။ ကွမ်းရွက်၊ ကွမ်းယာနှင့်ဆက်စပ်ပစ္စည်းများ စျေးမြင့်တက်ခြင်းကြောင့် လတ်တလောရောင်းချနေသော ကွမ်းယာဆိုင်ကြီးများမှာ ၁,၀၀၀ ကျပ်ဖိုးဝယ်ယူပါက ယခင် ကွမ်း ၁၀ ယာပေးသော်လည်း ယခုအခါ (၆)ယာမှ (၈)ယာကြားသာ ပေးတော့သည့်အခြေအနေမျိုးဖြစ်လာခဲ့သည်။



