ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်ရှိ 68 Spa အနှိပ်ခန်းတွင် ဇန်နဝါရီ ၁၆ ရက် ညပိုင်းက အသက် ၁၈ နှစ်အရွယ် ပလောင်တိုင်းရင်းသူ မိန်းကလေးတစ်ဦးအား အနှိပ်လာခံသည့် တရုတ်နိုင်ငံသားနှင့် ကာမဆက်ဆံရန် ငြင်းဆန်မှုကြောင့် ဆိုင်မန်နေဂျာက အခန်းပိတ်၍ ပြင်းထန်စွာ ရိုက်နှက်နှိပ်စက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်တွင် နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့ဝင်များလည်း ပါဝင်ပတ်သက်မှုရှိနေပြီး၊ နစ်နာသူ၏ညီမဖြစ်သူက အပြင်သို့ အကူအညီတောင်းခံခဲ့သော်လည်း ရဲစခန်းမှ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ရိုက်နှက်ခံရသည့် မိန်းကလေးမှာ ဆက်သွယ်၍မရဘဲ ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ ယင်းဖြစ်စဉ်ကြောင့် မူဆယ်မြို့ပေါ်ရှိ ကာရာအိုကေ၊ အနှိပ်ခန်းနှင့် လောင်းကစားရုံများကို ခေတ္တပိတ်ထားရန် ရဲတပ်ဖွဲ့က အမိန့်ပေးထားကြောင်း သိရှိရပါသည်။
တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်
Jan 20 • 2:50 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 14 | 0 | 0 | 0 |


