ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရေးနှင့် သူနာပြုများ၏ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးနေကြောင်း ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ သွားရောက်စဉ် ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ဆေးရုံရှိ လူနာများနှင့် ဝန်ထမ်းများကို တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး အမျိုးသမီးကုသရေးဌာနဖြစ်သည့် အဆိုပါဆေးရုံကြီး၏ ဝန်ဆောင်မှုများ အရည်အသွေးမြင့်မားစေရေးနှင့် သားသမီးရရှိရန် ခက်ခဲသည့် ဇနီးမောင်နှံများအတွက် ဆောင်ရွက်ပေးနေသည့် Fertility Centre လုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းရန် တိုက်တွန်းခဲ့ပြီး ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက် အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် ပြောင်းလဲဖွင့်နိုင်ရေး ဆောင်ရွက်နေ
Jan 20 • 2:42 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 41 | 0 | 0 | 0 |


