ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊အောင်မြေသစ်ကိုယ်ပိုင်ကျောင်းအုပ်၏သားက အဆောင်နေ ကျောင်းသူကို အဓမ္မပြုကျင့်၍ ဖမ်းဆီးခံရ

Jan 19 • 3:54 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊အောင်မြေသစ်ကိုယ်ပိုင်ကျောင်းအုပ်၏သားက အဆောင်နေ ကျောင်းသူကို အဓမ္မပြုကျင့်၍ ဖမ်းဆီးခံရ

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ အောင်မြေသစ် ကိုယ်ပိုင်ကျောင်းသားဖြစ်သူက ထိုကျောင်းရှိကျောင်းသူကိုအဓမ္မပြုကျင့်၍ ဇန်နဝါရီလ ၁၈ ရက် နေ့လည်ပိုင်း ၁၁ နာရီက အ...

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ အောင်မြေသစ် ကိုယ်ပိုင်ကျောင်းသားဖြစ်သူက ထိုကျောင်းရှိကျောင်းသူကိုအဓမ္မပြုကျင့်၍ ဇန်နဝါရီလ ၁၈ ရက် နေ့လည်ပိုင်း ၁၁ နာရီက အဖမ်းခံရ ကြောင်းသိရသည်။"အဆောင်မှာနေတဲ့ ကလေးတွေရဲ့ပြောကြားချက်အရ အမှန်တကယ်ဖြစ်ခဲ့တယ်တဲ့နော် ခုထိသတင်းကမတက်ဘူး အဲ့ကျောင်း အဆောင်ထားတဲ့ မိဘတွေ ဘာဆက်လုပ်ကြမလဲ ကလေးတွေကိုလည်း နှုတ်ပိတ်ဖို့မှာကြားနေတယ်တဲ့ ဒီနေ့ညကျောင်းကိုလည်း အဲ့ကောင်က ကလေးမကိုရိုက်တာမျက်နှာညိုမဲစွဲတယ်တဲ့ မိုက်ရိုင်းတာကမ်းကုန်ပါရှင့် ”ဟုဖြစ်စဥ်သိသူတစ်ဦးကပြောသည်။ဖြစ်စဉ်သည် ဇန်နဝါရီလ ၁၅ ရက် ၊ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက် ၊ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျောင်းတက်နေသော Grade 12 ကျောင်းသူတစ်ဦးက ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်း၍ အဆောင် ၌ပြန်နားနေစဉ် နေ့လည် ၁ နာရီ အချိန်ခန့်က ကျောင်းမှကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး တယ်လီဂရမ်တွင် ပုံတွေ့ရာဖျက်ပေးစေလိုလျှင် သိန်း ၂၀ ပေးရမည်ဟု ခြိမ်းခြောက်ပြောဆိုကာ သူမကိုအလိုမတူဘဲ အဓမ္မ ပြုကျင့်ခြင်းဖြစ်ကြောင်းသိရသည်။ပြစ်မှု ကျူးလွန်သူကို တောင်ကြီးမြို့ ၊ သစ်တောရပ်ကွက်၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ တောင်ကြီးဟိုတယ် အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး နယ်မြေ ရဲစခန်းတွင် (ပ) ၁၅/ ၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ - ၃၇၆ ဖြင့် နစ်နာသူဘက်မှ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။



news-view-count-icon

76