ဇန်နဝါရီ ၁၈ ရက် ၂၀၂၆ ခုနှစ် ဒီညနေပိုင်း မြန်မာစံတော်ချိန် ၄ နာရီ ၀၂ မိနစ် ၂၂ စက္ကန့် အချိန်ခန့်က ရန်ကုန်မြို့ရဲ့ တောင်ဘက် ၂၅ မိုင်ခန့်အကွာ ကွမ်းခြံကုန်းမြို့ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ဘောစကိုင်းရွာအနီး ဗဟိုပြု၍ မြေအောက်အနက် ၆ မိုင်အကျော်မှ မဂ္ဂနီကျု ၃.၁ အဆင့်ရှိ မြေငလျင်ငယ် လှုပ်ခတ်သွားပါသည်။



