မွန်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်တွင်ကျင်းပမည်

Jan 18 • 6:18 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

မွန်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်တွင်ကျင်းပမည်

(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားနှင့်အလံတင်အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်...

(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားနှင့်အလံတင်အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီ (၂) ရက်တွင်ကျင်းပမည်ဖြစ်ပြီး မနက် (၈) နာရီတွင်အလံတင်အခမ်းအနား၊မနက် (၁၀) နာရီတွင် ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုလွှာပေးအပ်ခြင်းများဆောင်ရွက်သွားမည်ဖြစ်သည်။(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို မွန်အမျိုးသားဝတ်စုံဖြင့် တက်ရောက်ကြရန်နှင့် မွန်အမျိုးသားတို့၏ ဇာတိသွေး၊ ဇာတိမာန်ရှင်သန်နိုးကြားရန်၊ မွန်စာပေ၊ ယဉ်ကျေးမှုကိုဖော်ထုတ်မြှင့်တင်လိုစိတ်၊ တိုးတက်လိုစိတ်ရှိရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

12