ဇန်နဝါရီ ၃၀ ရက်တွင်ကျင်းပမည့် ONE Friday Fights 140 ၌ သွေးလင်းထက်နှင့် ကောင်ချိုင်း ထိုးသတ်မည်

Jan 18 • 2:21 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဇန်နဝါရီ ၃၀ ရက်တွင်ကျင်းပမည့် ONE Friday Fights 140 ၌ သွေးလင်းထက်နှင့် ကောင်ချိုင်း ထိုးသတ်မည်

မြန်မာ့ရိုးရာလက်ဝှေ့ကြယ်ပွင့် သွေးလင်းထက်သည် လာမည့် ဇန်နဝါရီ ၃၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံ၌ ကျင်းပမည့် ONE Friday Fights 140 ပြို...

မြန်မာ့ရိုးရာလက်ဝှေ့ကြယ်ပွင့် သွေးလင်းထက်သည် လာမည့် ဇန်နဝါရီ ၃၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံ၌ ကျင်းပမည့် ONE Friday Fights 140 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ကောင်ချိုင်းနှင့် ရင်ဆိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ONE Championship တွင် ၅ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားသည့် သွေးလင်းထက်သည် ပြီးခဲ့သည့် စက်တင်ဘာလက မွေထိုင်းဂန္ထဝင် ဆမ်အေအား အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယခင်က ဖလက်ပန်တမ်၊ ရော့ကီကဲ့သို့ နာမည်ကြီးများကို အနိုင်ယူခဲ့ဖူးသူဖြစ်သည်။ ၎င်းနှင့် ရင်ဆိုင်ရမည့် ကောင်ချိုင်းမှာမူ ONE တွင် ပွဲပေါင်း ၁၅ ပွဲအထိ ထိုးသတ်ထားပြီး ၉ ပွဲနိုင်၊ ၆ ပွဲရှုံး ရလဒ်ရှိကာ နောက်ဆုံးပွဲတွင် ဘရာဇီးဖိုက်တာကို အနိုင်ရရှိထားသူဖြစ်သဖြင့် အမှတ်ရလိုနေသည့် သွေးလင်းထက်အတွက် အရေးပါသည့် စိန်ခေါ်မှုပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။

news-view-count-icon

20