ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့(Passport) ရုံးတွင် Passport အသစ်လျှောက်သူများ၊ သက် တမ်းတိုးသူများ ရက်ချိန်းအတိုင်း သွားရောက်တန်းစီသော်လည်း ကြားထဲပွဲစားများကိုသာ ဦးစားပေး လုပ်ပေးနေကာ ရက်ထပ်ရွှေ့မှု မကြာခဏဖြစ်နေကြောင်း ပတ်စ်ပို့လုပ်သူထံမှ သိရသည်။(Passport)လျှောက်ရာတွင် ကိုယ်တိုင် ပြုလုပ်သူများ၊ အွန်လိုင်း(QR)ကုတ်ယူရန် (၄)သောင်းခွဲနှင့် ရုံးဝင်သည့်အခါ သောင်းဂဏန်းလောက်သာ ကုန်ကျသော်လည်း ပွဲစားဖြင့်လုပ်လျှင် အမြန်ကြေးမဟုတ်ဘဲ (၅)သိန်းကျော် ကုန်ကျကြောင်း သိရသည်။Passport အမြန်ရလိုသူများ အမြန်ဝန်ဆောင်မှု (Express Service)ဖြင့် (၅)ရက်အတွင်း ကျပ် (၅၄၅၀၀၀) ပေးဆောင်ကာ ပြုလုပ်နိုင်မည့်အကြောင်းနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။သို့သော် တောင်ကြီး (Passport)ရုံး၌ Passport ပြုလုပ်ရာတွင် ကိုယ်တိုင်တိုကင်ယူသူများနှင့် ပွဲစားဖြင့် လုပ်သူများကြား အချိန်စောင့်ဆိုင်းရခြင်း ကွာဟနေမှုကြောင့် အဆင်မပြေမှု ရှိကြောင်း ဒေသခံထံမှ သိရသည်။



