မုံရွာ - မန္တလေးလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေကြောင့် ခရီးသွားကားတွေပိတ်မိ

Jan 17 • 12:55 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

မုံရွာ - မန္တလေးလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေကြောင့် ခရီးသွားကားတွေပိတ်မိ

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ - မန္တလေး လမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး အစိုးရတပ်က လမ်းတလျှောက် ကင်းပုန်းတွေချကာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ အဲဒီ...

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ - မန္တလေး လမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး အစိုးရတပ်က လမ်းတလျှောက် ကင်းပုန်းတွေချကာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုသူတွေက ပြောပါတယ်။အစိုးရတပ်က စစ်ရေး အခြေအနေကြောင့် ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်၊ မနက်ပိုင်းမှာ အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ထားခဲ့တဲ့အတွက် ခရီးသွားကား များစွာ ပိတ်မိခဲ့ပြီး ယာဉ်ကြော ကြပ်တည်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သူက ပြောပါတယ်။လက်ရှိမှာ စစ်ကိုင်းမြို့အထွက် မုံရွာ - မန္တလေး ကားလမ်းပေါ်က ကံတလူတိုးဂိတ်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပြီး ပစ်ခတ်မှုအတွင်း ရွှေဘိုကားတစီးနဲ့ မှန်လုံ ခရီးသည်တင်ကားတစီး ထိခိုက်မှုရှိထားတယ်လို့ သူက ပြောပါတယ်။



news-view-count-icon

15