ရန်ကုန်၌တာမွေမြို့နယ် အထပ်မြင့်တိုက်ခန်းနေထိုင်သူများ ရေတင်၍မရ

Jan 17 • 3:55 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်၌တာမွေမြို့နယ် အထပ်မြင့်တိုက်ခန်းနေထိုင်သူများ ရေတင်၍မရ

ရန်ကုန်၊တာမွေမြို့နယ်မှာနေထိုင်ကြသူတွေအနေနဲ့ ဇန်နဝါရီလ(၁၆)ရက်ညပိုင်းမှာ ရေတင်လို့မရဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။ဂျိုးဖြူ‌ရေပိုက်ပြုပြင်ဖို့ရှိလို့ (၃)ရက်လောက်ရ...

ရန်ကုန်၊တာမွေမြို့နယ်မှာနေထိုင်ကြသူတွေအနေနဲ့ ဇန်နဝါရီလ(၁၆)ရက်ညပိုင်းမှာ ရေတင်လို့မရဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။ဂျိုးဖြူ‌ရေပိုက်ပြုပြင်ဖို့ရှိလို့ (၃)ရက်လောက်ရေမလာဘူးလို့လည်း စည်ပင်က ပြောတယ်လို့လည်းဆိုပါတယ်။တာမွေမြို့နယ်မှာနေထိုင်ကြသူတွေအနေနဲ့ မော်တာတွေနဲ့ ညပိုင်းရေတင်တာတွေဆောင်ရွက်ကြတာဖြစ်လို့ မီးဘေးအန္တရာယ် မဖြစ်အောင် သတိပြုကြဖို့လည်း ဒေသခံတွေအချင်းချင်းသတိပေးနေကြတယ်လို့ သိရပါတယ်။

16.1.2026 ရက်နေ့ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်း၊ ဇွဲစုံသာသနာရာမကျောင်းတိုက်အတွင်းမှာ (၁၄:၀၀)နာရီအချိန်ခန့်တွင် လှော်ကားရေပိုက်လိုင်း( ၆၆ လက်မ ကွန်ကရစ်ပိုက်လိုင်း) ရေပိုက်ပေါက်၍ ပိုက်လိုင်းပျက်စီးမှု ဖြစ်ပွားသဖြင့် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ပြုပြင်ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် (၃)ရက်ခန့် ရေပြတ်တောက်နိုင်ပါကြောင်း တင်ပြအပ်တယ်လို့လည်းဒေသခံ အချို့က ဖော်ပြထားကြပါတယ်။

news-view-count-icon

52