နေပြည်တော်၊ ပုဗ္ဗသီရိမြို့၌ မြေကွက် ၇၂ ကွက် လေလံတင် ရောင်းချမည်

Jan 17 • 2:17 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၌ မြေကွက် ၇၂ ကွက် လေလံတင် ရောင်းချမည်

နေပြည်တော် စည်ပင်သာယာရေးကော်မတီသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပေ ၂၀၀ ပတ်လည် မြေကွက် ၇၂ ကွက်ကို ဖေဖော်ဝါရီ ၆ ရက်တွင် စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ဈေးပြိုင်...

နေပြည်တော် စည်ပင်သာယာရေးကော်မတီသည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပေ ၂၀၀ ပတ်လည် မြေကွက် ၇၂ ကွက်ကို ဖေဖော်ဝါရီ ၆ ရက်တွင် စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ပြီး၊ ဝယ်ယူလိုသူများအနေဖြင့် လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ဝယ်ယူကာ လေလံအာမခံကြေး ကျပ်သိန်း ၂၀၀၀ နှင့်အတူ ဇန်နဝါရီ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ လူတစ်ဦးလျှင် မြေကွက်တစ်ကွက်သာ ဝယ်ယူခွင့်ရှိပြီး လေလံမအောင်မြင်သူများကို အာမခံကြေး ကျပ်သိန်း ၂၀၀၀ အား ၁၄ ရက်အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ကာ မြေကွက်တန်ဖိုးမှာမူ လေလံပွဲနေ့တွင် အမြင့်ဆုံးဈေးပေးသူအပေါ် မူတည်၍ သတ်မှတ်သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ သိရှိရပါသည်။

news-view-count-icon

39