ပြည်တွင်း၌၈၃-ကြိမ်မြောက်အတွက် အောင်ဘာလေထီ အတွက် အက္ခရာ (၁၃) လုံး ထုတ်ဝေမယ်လို့ အောင်ဘာလေးသိန်းဆုဌာနခွဲကသိရပါတယ်။၈၃ ကြိမ်မြောက်အောင်ဘာလေ က ရောင်းချမယ့် ထီလက်မှတ်မှာ က အက္ခရာ ကနေ ဍ အက္ခရာထိ ၁၃ လုံးထုတ်ဝေရောင်းချပေးသွားမှာဖြစ်ပါတယ်။" ထီစောင်ရေတိုးမယ်ဆိုလည်းတိုးပါထီဆုရေလေးတွေလည်း ဆုငွေအရေအတွက်ကိုတိုးစေချင်ပါတယ်။ ဒါမှသာ ထီပေါက်သူအရေအတွက်များမှာပါလို့ " အောင်ဘာလေးထီထိုးသားတစ်ဦးကပြောပါတယ်။အောင်ဘာလေသိန်းဆုဌာနအနေနဲ့ အခုလို အစောင်ရေ တိုးထုတ်တဲ့လတိုင်းမှာ ဆုမဲများတိုးပေးသွားတယ်လို့သိရပါတယ်။" ဆုကြီးမတိုးပေးမယ့် ရာစု ဆယ်စု များစွာ တိုးပေးပါတယ်လို့ " အောင်ဘာလဲသိန်းဆုဌာနဘက်ကဆိုထားပါတယ်။ထီထိုးသူအရေအတွက်တိုးလာရင်ထီလက်မှတ်အစောင်ရေထုတ်ထားတာနည်းနေပါကထီစျေး တွေ ထိုးတက်တတ်ပြီး ၊ ထီထိုးသူနည်းပြီးထီလက်မှတ်တွေ တွေ ထုတ်ထားရင်ထီစျေးလျှော့ကျကာ အောင်ဘာလေရုံးမှာထီတွေပုံပြီးနိုင်ငံတော်ကဆုံးရှုံးရတတ်တယ်လို့ဆိုပါတယ်။အဆိုပါ အခြေအနေ ၂ ခုညီမျှဖို့ အောင်ဘာလေရုံးကထိန်းညှိပေးရတယ်လို့သိရှိရပါတယ်။



