အမေရိကန် က အခြေချနေထိုင်ခွင့် ဗီဇာ ထုတ်ပေးမှုကို ဆိုင်းငံ့လိုက်တဲ့ နိုင်ငံ ၇၅ ခုထဲမှာ မြန်မာ ပါဝင်

Jan 15 • 1:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန် က အခြေချနေထိုင်ခွင့် ဗီဇာ ထုတ်ပေးမှုကို ဆိုင်းငံ့လိုက်တဲ့ နိုင်ငံ ၇၅ ခုထဲမှာ မြန်မာ ပါဝင်

အမေရိကန်သမ္မတ Donald Trump အစိုးရဟာ မြန်မာ နဲ့ ထိုင်း အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံက ခရီးသွားတွေအတွက် ဗီဇာထုတ်ပေးတာတွေကို လာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး ရပ...

အမေရိကန်သမ္မတ Donald Trump အစိုးရဟာ မြန်မာ နဲ့ ထိုင်း အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံက ခရီးသွားတွေအတွက် ဗီဇာထုတ်ပေးတာတွေကို လာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့ကစပြီး ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ US နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို ကိုးကားပြီး Fox News က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။ အဲဒီ နိုင်ငံတွေထဲမှာ မြန်မာနဲ့ ထိုင်း အပြင် Somalia, Russia, Iran, Afghanistan, Brazil နဲ့ Nigeria နိုင်ငံတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ဒီညွှန်ကြားချက်အရ US သံရုံးတွေဟာ လက်ရှိလုပ်ထုံးလုပ်နည်းတွေကို ပြန်လည်သုံးသပ်နေစဉ်ကာလအတွင်း ဗီဇာလျှောက်ထားမှုတွေကို ဥပဒေနဲ့အညီ ငြင်းပယ်သွားရမှာဖြစ်ပြီး ဘယ်အချိန်ထိ ကြာမြင့်မယ်ဆိုတာကိုတော့ အတိအကျ မသတ်မှတ်ထားပါဘူး။ ဒါဟာ သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်ကစပြီး Donald Trump လုပ်ဆောင်နေတဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တင်းကြပ်မှုတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။အခုလို ပိတ်ပင်ရတဲ့ အကြောင်းရင်းတွေထဲမှာ လုံခြုံရေးနဲ့ အစိုးရဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှု ပြဿနာတွေ ပါဝင်ပါတယ်။ အိမ်ဖြူတော် အနီးမှာ Afghan နိုင်ငံသားတစ်ဦးက ပ-စ်ခ-တ်မှု ပြုလုပ်ခဲ့ပြီးနောက် "တတိယကမ္ဘာ့နိုင်ငံတွေ" ကနေ ဝင်ရောက်မှုကို အပြီးတိုင် ရပ်ဆိုင်းမယ်လို့ Trump က ပြောဆိုခဲ့ဖူးသလို၊ Minnesota မှာ အခွန်ငွေနဲ့ ပေးတဲ့ အစိုးရထောက်ပံ့ကြေးတွေကို Somali နိုင်ငံသားတွေက မသမာတဲ့ နည်းလမ်းနဲ့ ရယူခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် အခုလို တင်းကြပ်လာတာ ဖြစ်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနက ကောင်စစ်ဝန်တွေကို "Public charge" လို့ခေါ်တဲ့ စည်းမျဉ်းအရ စိစစ်မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဖို့ ညွှန်ကြားထားပါတယ်။ အဲဒီ စည်းမျဉ်းအရ လျှောက်ထားသူရဲ့ ကျန်းမာရေး၊ အသက်အရွယ်၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှုနဲ့ ငွေကြေးအခြေအနေတွေကို သုံးသပ်ပြီး အမေရိကန်အစိုးရရဲ့ ထောက်ပံ့မှုကို မှီခိုလာနိုင်ခြေ ရှိတဲ့သူတွေရဲ့ ဗီဇာတွေကို ပယ်ချဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။




news-view-count-icon

17