ဖားကန့်မှာ သုံးလောင်းပြိုင်လူသတ်မှုအလောင်းဖျောက်မှုဖြစ်ပွါးခဲ့

Jan 12 • 2:30 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဖားကန့်မှာ သုံးလောင်းပြိုင်လူသတ်မှုအလောင်းဖျောက်မှုဖြစ်ပွါးခဲ့

ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာမှာ ၂နှစ်အရွယ်ကလေးအပါအဝင် သုံးလောင်းပြိုင်လူသတ် အလောင်းဖျောက်မှုဖြစ်ပွါးခဲ့ကြောင်း ဖားကန့်ဒေသခံတွေထံက သိရ...

ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ တောင်းကော့ကျေးရွာမှာ ၂နှစ်အရွယ်ကလေးအပါအဝင် သုံးလောင်းပြိုင်လူသတ် အလောင်းဖျောက်မှုဖြစ်ပွါးခဲ့ကြောင်း ဖားကန့်ဒေသခံတွေထံက သိရပါတယ်။ဇန်နဝါရီ ၉ ရက်နေ့မနက်က တောင်းကော့ကျေးရွာအနီး မြေဖို့ထားတဲ့မြေစာပုံတစ်ပုံထဲက ရုပ်အလောင်းသုံးလောင်းကို တူးဖော်တွေ့ရှိခဲ့ရကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောပြပါတယ်။ မြေစာပုံထဲက ကလေးခြေထောက်နှစ်ချောင်းထွက်နေတာကို ရေမဆေးကျောက်ရှာသူတွေ တွေ့ရှိခဲ့ရာက ရပ်ရွာလူကြီးတွေကို အသိပေးပြီးမြေစာပုံတူးဖော်ခဲ့ရာမှာ မြေးအဖွား ၃ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိရတာဖြစ်ကြောင်း ဆိုပါတယ်။ အသတ်ခံရတဲ့သူတွေဟာ အဘွားဖြစ်သူ ဒေါ်နွယ်နွယ်ထား (၄၇)နှစ်၊ မြေးကြီး မောင်လေပြည်သွေး (၅)နှစ်နဲ့ မြေးအငယ် မောင်ထက်အောင်ခန့် (၂)နှစ် တို့ ဖြစ်ပြီး တောင်းကော့ကျေးရွာ၊ ရပ်ကွက်(၂)မှာ အိမ်ငှါးနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးကလေးငယ်တွေရဲ့ မိဘနှစ်ပါးကတော့ မြေစာပုံမှာ ဈေးရောင်းသူတွေဖြစ်ကြောင်း သိရှိရပါတယ်။ 




news-view-count-icon

13