ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုအေးမြနိုင်

Jan 12 • 1:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် ပိုမိုအေးမြနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁၁ ရက်မှ ၂၀ ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် ဇန်နဝါ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁၁ ရက်မှ ၂၀ ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ခန့်အထိ လျော့နည်းအေးမြနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်မူ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။ ထို့ပြင် ဒေသအများအပြားတွင် ၁ ရက်မှ ၁၀ ရက်ခန့်အထိ မြူထူများ ဆိုင်းနိုင်သဖြင့် လေထုညစ်ညမ်းမှုကြောင့်ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာများကို သတိပြုရန် ဆရာဝန်များက အကြံပြုထားသည်။ လတ်တလောတွင် အားအနည်းငယ်ရှိသော "လာနီညာ" အဆင့်၌ တည်ရှိနေသဖြင့် ညအပူချိန် လျော့နည်းခြင်း၊ လေဖိအားနည်းရပ်ဝန်းများ ဖြစ်ပေါ်နိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနှိုးဆော်ထားပါသည်။

news-view-count-icon

18