ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် မြင်းမူမြို့နယ်၊ ပဒတ္တိုင်းကျေးရွာအနီးမှာ မန္တလေးမြို့၊ ဝိန့်စိန်ရွှေဆိုင်ကနေ မုံရွာမြို့ကို ရွှေသွားပို့မယ့် ဆိုင်ဝန်ထမ်း ၃ဦးပါတဲ့ ကားတစ်စီးကို လက်နက်ကိုင်လူတစုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ပြန်ပေးဆွဲပြီး ငွေပမာဏဘယ်လောက်တောင်းတယ်ဆိုတာတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။



