မြန်မာပြည်တွင်းရပ်ကွက်ဈေးများတွင် အမဲသားဈေးများက အမြင့်ဈေးများဖြင့် ဈေးငြိမ်နေသည်။ အမဲမိုးခိုသား တစ်ဆယ်သား ၃,၆၀၀ ကျပ်ဈေးဖြစ်ပြီး အမဲသားတစ်ဆယ်သား ၃,၄၀၀-၃,၅၀၀ ကျပ်ဈေးများရှိသည်။ အမဲကလီစာတစ်ဆယ်သား ၃,၂၀၀ ကျပ်၊ အမဲအူကြမ်းတစ်ဆယ်သား ၂,၈၀၀ ကျပ်၊ အမဲကလီစာတစ်ဆယ်သား ၃,၃၀၀ ကျပ်၊ အမဲအသည်းတစ်ဆယ်သား ၃,၂၀၀ ကျပ်၊ အမဲအရိုးအသားတစ်ဆယ်သား ၃,၀၀၀ ကျပ်၊ အမဲနံကပ်သား တစ်ဆယ်သား ၃,၀၀၀-၃,၂၀၀ ကျပ်ဈေးများဖြင့် ဈေးအမြင့်ပိုင်းတွင် ရှိကြသည်။ ဆိတ်သားဈေးများက တစ်ဆယ်သား ၇,၀၀၀ ကျပ်ဈေးအထိ ဈေးအလွန်မြင့်တက်လာသည်။ ဆိတ်မိုး ခိုသား တစ်ဆယ်သား ၇,၀၀၀ ကျပ် ၊ ဆိတ်သားတစ်ဆယ်သား ၆,၅၀၀-၆,၈၀၀ ကျပ်များဖြင့် အမြင့်ဈေးများတွင် ဖြစ်သည်။ ဆိတ်ကလီစာတစ်ဆယ်သား ၃,၈၀၀ ကျပ်၊ ဆိတ်အူကြမ်းတစ်ဆယ်သား ၃,၈၀၀ ကျပ်၊ ဆိတ်အရွတ် အသားတစ်ဆယ်သား ၄,၀၀၀ ကျပ်ဈေးများဖြင့် အမြင့်ဈေးများဖြစ်သည်။ 
မြန်မာပြည်တွင်းဈေးများရှိ ယနေ့ဆိတ်သား၊အမဲသားဈေးနှုန်းများ
Oct 26 • 3:17 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 59 | 0 | 0 | 0 |


