ပဲခူးမြို့အနီး ဇလက်ထော်အပန်းဖြေစခန်းသွားရာလမ်း၌ မိုးများခြင်းကြောင့် တံတားပြိုကျ

Sep 24 • 3:51 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးမြို့အနီး ဇလက်ထော်အပန်းဖြေစခန်းသွားရာလမ်း၌ မိုးများခြင်းကြောင့် တံတားပြိုကျ

ပဲခူးမြို့အနီးရှိ ဇလက်ထော်အပန်းဖြေစခန်းသို့ သွားရာလမ်းတွင် ယနေ့(စက်တင်ဘာ ၂၃ ရက်) မွန်းလွဲပိုင်းက မိုးများစွာ ရွာသွန်းမှုကြောင့် ချောင်းကူးတံတားငယ်တစ်စင်းပြိုကျသ...

ပဲခူးမြို့အနီးရှိ ဇလက်ထော်အပန်းဖြေစခန်းသို့ သွားရာလမ်းတွင် ယနေ့(စက်တင်ဘာ ၂၃ ရက်) မွန်းလွဲပိုင်းက မိုးများစွာ ရွာသွန်းမှုကြောင့် ချောင်းကူးတံတားငယ်တစ်စင်းပြိုကျသွားကြောင်း ဒေသခံများမှ လူမှုကွန်ရက်တွင်ဖော်ပြထားပါသည်။ထိုတံတားမှာ အပန်းဖြေစခန်းသို့သွားရောက်ရာ ပဲခူးဇလက်ထော်ဆည်မြောင်းလမ်းပေါ်တွင်ရှိပြီး မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ပြိုကျသွားခြင်းလည်းဖြစ်သည်။ထိုအပန်းဖြေစခန်းမှာ ဇလက်ထော်ရေလှောင်တမံအနီးတွင်ရှိပြီး ရန်ကုန်မြို့မှ အပန်းဖြေသွားရောက်သူများ အများဆုံးရှိရာနေရာလည်းဖြစ်သည်။ ယခုနောက်ပိုင်းတွင် ယင်းနေရာကို ပြည်တွင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းအချို့မှ တစ်ဦးလျှင် ၅၅,၀၀၀ ကျပ်နှုန်းဖြင့် ခရီးစဉ်ရေးဆွဲကာ အပန်းဖြေပို့ဆောင်ပေးခြင်းများရှိပါသည်။

news-view-count-icon

4