မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ပြင်းထန်မြေငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့်
တံတားလယ်ရပ်ကွက်၊ ဆားချက်ရပ်ကွက်၊ ပေါက်ပေါက်တန်းရပ်ကွက်၊ ပွဲတော်ရပ်ကွက် ၊ ကျန်တန်းရပ်ကွက် တိုးချဲ့(၁)အေ၊ ဘီ၊ တိုးချဲ့(၂)၊ တိုးချဲ့(၃)နှင့် ရှမ်းကလေးကျွန်းကျေးရွာအုပ်စုတို့မှ ငလျင်ဘေးသင့်အိမ်ထောင်စုများ ပြန်လည်ထူထောင်ရေးအတွက် ငွေသားထောက်ပံ့ခြင်းကို စက်တင်ဘာလ(၈)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ထောက်ပံ့ရာတွင် အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေ ကျပ် ၄၀၀,၀၀၀ိ/ နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၂၄၂) စုအတွက် စုစုပေါင်းကျပ် ၉၆,၈၀၀,၀၀၀ိ / ကို အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါတယ်။



