မြန်မာနိုင်ငံအတွင်း အွန်လိုင်းအသုံးပြုပြီး စျေးရောင်းနေသည့် Online Shop များ လိုင်စင်တင်ရာတွင် ရဲစခန်းထောက်ခံစာယူနေရကြောင်း အွန်လိုင်းစျေးရောင်သူများနှင့် ရဲသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။ လက်ရှိ Online Shop ရောင်းချနေသူများ လုပ်ငန်း မှတ်ပုံတင်ရန်အတွက် ပြစ်မှုကင်းရှင်းကြောင်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ရဲစခန်းများတွင် ထောက်ခံစာယူနေရခြင်းလည်းဖြစ်သည်။ အွန်လိုင်းမှ စျေးရောင်းချသူတိုင်းသည် Online Shoppping မှတ်ပုံတင် လျှောက်ထားရမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပြီး စစ်ကော်မရှင်အမည်ကို စတင်ပြောင်းလဲပြီးနောက် ပြည်ပသွင်းကုန်များအပြင် Online Shop များကို စိစစ်ဖမ်းဆီးမှုများ ပြုလုပ်လာခြင်းဖြစ်သည်။



