ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ မြို့မဈေး ၊ထ(၅)ဈေး၊ကမ္ဘောဇဈေး စသည့်လူစည်းကားနေရာနှင့် မိန်းလမ်းပေါ်ရှိ ဆိုင်ခန်းများတွင် တောင်းရမ်းစားသူများပြားလာပြီး ဒေသခံတစ်ချို့ စိုးရိမ်မှုများမြင့်တက်လာကြောင်း သိရသည်။ဒေသခံများအနေဖြင့် တောင်းစားသူများ များလာခြင်းသည် မိဘများ၏ တာဝန်ယူမှုမရှိခြင်းနှင့် ပညာရေးမရရှိခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းမရှိသည့်အခြေအနေမဟုတ်ဘဲ၊ တစ်ပါးသူပစ္စည်းအားခိုးယူ၍ ယုံကြည်မှုမရရှိခြင်းကြောင့် အလုပ်ကိုင်ရှားပါးခြင်းနှင့် လုပ်ငန်းမလုပ်လို ခြင်းတို့ကြောင့် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ယခုနောက်ပိုင်းတွင် နယ်ခံမဟုတ်သည့် တောင်းရမ်းစားသူများသည် ခပ်စိပ်စိပ်တွေ့လာရပြီး တောင်းရမ်းသူအများစုသည် ကျောင်းနေအရွယ်ကလေးများဖြစ် ကြောင်းသိရသည်။



