လက်ရှိမှာ ရခိုင်ပြည်အတွင်း လျှပ်စစ်မီးလိုအပ်ချက်အတွက် အိန္ဒိယနိုင်ငံက ဝင်လာတဲ့ ဆိုလာပြားတွေ၊ အင်ဘာတာတွေ၊ ဘတ္ထရီအိုး အခြောက်/အစိုအိုးတွေ အရောင်းသွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဆိုလာစနစ်အသုံးပြုရာမှာ ထမင်းချက်၊ ရေတင်၊ အဝတ်လျှော်၊ တီဗီကြည့်၊ ဖုန်းနဲ့ ကွန်ပျူတာအားဖြည့်စတာတွေအသုံးပြုဖို့တပ်ဆင်ရင် ဆိုလာပြား၊ အင်ဘာတာနဲ့ ဘတ္ထရီစတာတွေအတွက် စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း ၃၀ ကျော်ကနေ ကျပ်သိန်း ၄၀ နီးပါးကုန်ကျပြီး စားသောက်ဆိုင်တွေ၊ ကာကာအိုကေဆိုင်တွေ၊ ကွန်ပျူတာ၊ မိတ္တူလုပ်ငန်းတွေအတွက် အသုံးပြုနိုင်တယ်လို့ အသုံးပြုသူတွေဆီကနေ သိရပါတယ်။ရခိုင်မှာ စက်သုံးဆီဆိုရင်လည်း ကုန်းလမ်း၊ ရေလမ်းကို အကြမ်းဖက်စစ်တပ်က ပိတ်ထားတဲ့အတွက် လမ်းခရီးအခက်အခဲအမျိုးမျိုးကြားကနေ သယ်ယူနေရတဲ့လို့ ဈေးနှုန်းကျဆင်းမှုမရှိဘဲ မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။



