အဆိုတော် ဂျက်ဆန်ထွန်းကိုတော့ ပရိသတ်တွေက မှတ်မိကြဦးမှာဖြစ်ကာ မြူးကြွတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ဖူးတဲ့ ဂျက်ဆန်ထွန်းဟာ ပြင်ပမှာရော Social Media ပေါ်ကနေပါ ပျောက်ကွယ်သွားခဲ့တာ ၅ နှစ်နီးပါးရှိခဲ့ပြီလို့ မိတ်ဆွေဖြစ်တဲ့ မိုင်းမိုင်ဆိုင်းကပြောပါတယ်။ အခုတော့ သူ့ရဲ့ ဆိုရှယ်အကောင့်ကို ပြန်လည်အသုံးပြုတော့မှာဖြစ်တာကြောင့် သူ့ပရိသတ်တွေနဲ့ ပြန်လည်ထိတွေ့ခွင့်ရတော့မှာပဲဖြစ်ပါတယ်။



