ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ပူးပေါင်းကြီးမှူးဖွင့်လှစ်သည့် ဘော်လီဘောဒိုင် (Referee) သင်တန်းဆင်းပွဲနှင့် (၁၀) နှစ်ပြည့်အထိမ်းအမှတ် MLWC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများတွင် တက်ရောက်ကြသည်။ အခမ်းအနားများတွင် သင်တန်းနည်းပြချုပ်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်း၊ သင်တန်းသားများအား လိုင်စင်လက်မှတ်များ ပေးအပ်ခြင်းနှင့် MLWC ပြိုင်ပွဲများတွင် အနိုင်ရသူများအား ဆုချီးမြှင့်ပွဲများ ကျင်းပခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြိုင်ပွဲကြည့်ရှုအားပေးကာ ရွှေခါးပတ်၊ လည်ဆွဲ၊ တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်သည့်အပြင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် Joint Training နှင့် လေ့ကျင့်ရေးဆိုင်ရာ ပြင်ဆင်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံဘော်လီဘောဒိုင်သင်တန်းဆင်းပွဲနှင့် MLWC အထိမ်းအမှတ်ပြိုင်ပွဲဖွင့်ပွဲတက်ရောက်
Aug 18 • 2:22 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
8 | 0 | 0 | 0 |