ပြင်ဦးလွင်မြို့ ရွှေဆံပင်ပညာဒါနကျောင်းတွင် သစ်ပင် (၂၀၀၀) ကျော် စိုက်ပျိုး

Aug 18 • 1:26 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြင်ဦးလွင်မြို့ ရွှေဆံပင်ပညာဒါနကျောင်းတွင် သစ်ပင် (၂၀၀၀) ကျော် စိုက်ပျိုး

ပြင်ဦးလွင်မြို့ ရွှေဆံပင်ပညာဒါနပရဟိတကျောင်းတွင် သြဂုတ် ၁၅ နှင့် ၁၆ ရက်နေ့များတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ စားပင်၊ ပန်းပင်နှင့် အရိပ်/အသီးပေးသစ်ပင်မျ...

ပြင်ဦးလွင်မြို့ ရွှေဆံပင်ပညာဒါနပရဟိတကျောင်းတွင် သြဂုတ် ၁၅ နှင့် ၁၆ ရက်နေ့များတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရာ စားပင်၊ ပန်းပင်နှင့် အရိပ်/အသီးပေးသစ်ပင်များပေါင်း (၂၀၀၀) ကျော် စိုက်ပျိုးနိုင်ခဲ့သည်။ အရှင်ဝေပုလ္လ ဆရာတော်အပါအဝင် သံဃာတော်များ၊ ကျောင်းသူကျောင်းသားများနှင့် သစ်ပင်ချစ်သူများ (၃၀၀) ကျော် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး၊ “စိုက်သမျှအောင်မြင်ရန် အလေးထားကာ ထိန်းသိမ်းပြုစုရန် လိုအပ်ကြောင်း” ဆရာတော်က အဓိကတိုက်တွန်းမိန့်တော်မူခဲ့သည်။ ထို့ပြင် သစ်ပင်စိုက်ပျိုးသူများကို ဒါနရှင်မိသားစုများမှ နေ့လည်စာ၊ မုန့်များ၊ လိုက်ချီးပင်များ၊ သီးဖျော်ရည်များ ဖြင့် ဂုဏ်ပြုလှူဒါန်းခဲ့ကြသဖြင့် သစ်ပင်စိုက်ပျိုးပွဲကို သက်ဆိုင်သူများ စည်းလုံးပူးပေါင်းဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။


news-view-count-icon

20