မျှော်လင့်ထားတဲ့ နိုင်ပွဲအတွက် ဝမ်းမြောက်မိကြောင်း ရှမ်းယူနိုက်တက် ကစားသမား ရဲရင့်အောင် ပြောကြားခဲ့

Aug 16 • 3:14 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

မျှော်လင့်ထားတဲ့ နိုင်ပွဲအတွက် ဝမ်းမြောက်မိကြောင်း ရှမ်းယူနိုက်တက် ကစားသမား ရဲရင့်အောင် ပြောကြားခဲ့

ရှမ်းယူနိုက်တက် အသင်း ကစားသမား ရဲရင့်အောင်က သူတို့ အသင်း အနေနဲ့ အက်ဇ်ရာ အသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ မျှော်လင့်ထားသလို နိုင်ပွဲရခဲ့လို့ ဝမ်းမြောက်မိကြောင်း ပ...

ရှမ်းယူနိုက်တက် အသင်း ကစားသမား ရဲရင့်အောင်က သူတို့ အသင်း အနေနဲ့ အက်ဇ်ရာ အသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ မျှော်လင့်ထားသလို နိုင်ပွဲရခဲ့လို့ ဝမ်းမြောက်မိကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ကာမနေ့ညက ပွဲစဉ်မှာ ရှမ်းယူနိုက်တက် အသင်းဟာ အက်ဇ်ရာ အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် (၃) ဂိုး (၁) ဂိုးနဲ့ အသာရပြီး Shopee Cup ခြေစစ်ပွဲကို နောက်ဆုံး (၂) ရာသီဆက် အောင်သွားခဲ့ပါတယ်။ ပွဲစဉ်မှာ ရှမ်းယူနိုက်တက် အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၄၅ မိနစ် ပြည့်လို့ နာကျင်အချိန်ပို ၄ မိနစ်မှာ ရဲရင့်အောင်က ပင်နယ်တီကနေ တစ်ဆင့် သွင်းယူခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ရဲရင့်အောင်က သူ့အနေနဲ့ အခုလို အသင်း အနိုင်ရဖို့ အတွက် ကူညီပေးခွင့်ရလို့လည်း ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပထမအကျော့မှာ ရှမ်းယူနိုက်တက် အသင်းဟာ လာအိုကလပ် အက်ဇ်ရာ အသင်းကို (၂) ဂိုး (၁) ဂိုးနဲ့ နိုင်ခဲ့ပြီး အခု ဒုတိယအကျော့ အပါအဝင် နှစ်ကျော့ပေါင်း (၃) ဂိုးသာ သွင်းယူထားခဲ့ပါတယ်။



news-view-count-icon

2