ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင် ကမ်းနားလမ်း၊ ၀ံစျေးအကျော်နားက ကွမ်းယာဆိုင်အောက်တွင် ပိုင်ရှင်မဲ့အမျိုးသမီးတစ်ဦး သေဆုံးနေခြင်းဖြစ်သည်။ထို့ကြောင့် ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သေဆုံးသူ၏ ရုပ်အလောင်းကိုမော်လမြိုင်ဆေးရုံကြီးအအေးတိုက်သို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



