ဇူလိုင်လ ၂၁ ရက် ဒီညနေပိုင်း ၄ နာရီဝန်းကျင် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် တစ်သုံးလုံး ကဖေးဆိုင် မျက်နှာစောင်းရှိ နာရေးအိမ်ကနေပြန်လာတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ခြေကျင်လမ်းဖြတ်ကူးတဲ့နေချိန် ကားတိုက်ခံလိုက်ရတယ် ဆိုပါတယ်။အဆိုပါ ကားတိုက်ခံရသူ အမျိုးသမီးဟာ အတိုက်ခံရတဲ့ နေရာမှာပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဧရာဝတီလူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။



