တာချီလိတ်မြို့မှာ ဆယ်နှစ်တာ ခင်မင်ခဲ့တဲ့ နေအိမ်ချင်းကပ်လျက်နေထိုင်သူ သူငယ်ချင်းနှစ်ဦးတို့ KTVနဲ့ Bar ကိုသွားဖို့ နေရာရွေးကြရာကနေ အဝေမတည့်ဘဲ စကားများပြီး သေနတ်နဲ့ပစ်လို့ တစ်ဦးသေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင် ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါဖြစ်စဉ်ဟာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင် (၇)လမ်းမှာ ဖြစ်ပွားခဲ့တာလို့သိရပြီး ပြစ်မှုကျူးလွန်သူတရားခံက ဟောင်လိတ်နယ်မြေရဲစခန်း (ပ)၁၁၆/၂၀၂၅၊ ရာဇဝတ်ကြီးမှုအမှတ် (၉၅၈/၂၀၂၄)၊ လက်နက်ဥပဒေပုဒ်မ ၂၄/၃၁ အရ ထောင်ဒဏ်(၁)နှစ် ချမှတ်ခံရပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့ကမှ ထောင်ကလွတ်လာသူတဲ့ အသက် (၄၅) နှစ်အရွယ်ရှိ စိုင်းကျောက် ဆိုသူဖြစ်တယ်လို့သိရသလို သေဆုံးသူကတော့ အသက် (၃၆) နှစ်အရွယ် စိုင်းရှဲန် ဆိုသူဖြစ်ကြတယ်လို့ ဆိုပါတယ်။
KTVနဲ့ Bar ကိုသွားဖို့ နေရာရွေးရာကနေ စကားများပြီး လူသတ်မှုဖြစ်ပွား၊ ကျူးလွန်သူကို နေ့ချင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ဟုဆို
Jul 18 • 11:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
6 | 0 | 0 | 0 |