ကမ္ဘာ့အကြီးဆုံး EDM ပွဲတစ်ခုဖြစ်သော Tomorrowland 2025 အတွက် သုံးမည့် Main Stage အဓိကစင်မြင့်အနေနဲ့ တည်ဆောက်ထားသော စက်မှုလက်ရာကြီးတစ်ခုမှာ ပွဲမတိုင်မီ ၂ ရက်သာရှိချိန်တွင် မီးလောင်မှုကြောင့် ထိခိုက်ဖျက်ဆီးခံခဲ့ရသည်။ မီးလောင်မှုကြောင့် ပွဲတော်ကျင်းပနိုင်မလားဆိုသည်ကို ဝမ်းနည်းစွာစောင့်ကြည့်နေကြရသော်လည်း ကျင်းပသူများက ပွဲကို အချိန်မီပြင်ဆင်ပြီး ဆက်လက်ကျင်းပသွားမည်ဟု ကြေညာထားသည်။



