ချင်းအမျိုးသားတက္ကသိုလ်အတွက် သင်ကြားရေး ဆရာ၊ ဆရာမ ခေါ်ယူမည်

Jul 16 • 1:15 PM

breaking-news

မြန်မာ

ချင်း

cover

ချင်းအမျိုးသားတက္ကသိုလ်အတွက် သင်ကြားရေး ဆရာ၊ ဆရာမ ခေါ်ယူမည်

ချင်းအမျိုးသားတက္ကသိုလ် (The Chin National University) မှာ လစ်လပ်နေတဲ့ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးတွေ အတွက် လာရောက် လျှောက်ထားနိုင်တယ်လို့ ချင်းလဲန်းကောင်...

ချင်းအမျိုးသားတက္ကသိုလ် (The Chin National University) မှာ လစ်လပ်နေတဲ့ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးတွေ အတွက် လာရောက် လျှောက်ထားနိုင်တယ်လို့ ချင်းလဲန်းကောင်စီအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ဆေးပညာ၊ သူနာပြုပညာ၊ အင်္ဂလိပ်စာ၊ ဥပဒေ၊သင်္ချာ၊ ရူပဗေဒ၊ဓာတုဗေဒ၊ ဇီ၀ဗေဒ၊ သတ္တဗေဒ၊ဘူမိဗေဒ၊ သမိုင်း၊ ပထဝီ၊ စိတ်ပညာ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ သစ်တောပညာ၊ Philosophy ၊ နိုင်ငံရေးသိပ္ပံ ၊ ကွန်ပျူတာသိပ္ပံ၊ ပညာရေး၊ အင်ဂျင်နီယာပညာ၊ တိရစ္ဆာန်ဆေးပညာ စတဲ့ ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဘွဲ့လွန်၊ ဒေါက်တာဘွဲ့ ရရှိထားသူတွေ လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဩဂုတ်လ ၃၀ ရက်နေ့အထိ ဝင်ခွင့်လျှောက်လွှာတွေကို နောက်ဆုံးထား လက်ခံမှာ ဖြစ်ပြီး လိုအပ်တဲ့ ပညာအရည်အချင်း လက်မှတ်အထောက်အထားမိတ္တူ၊ CV ၊ ဝန်ထမ်းဖြစ်ပါက ရာထူးအထောက်အထားမိတ္တူတွေကို ပူးတွဲကာ moe.goc@chinlandcouncil.org ကို လျှောက်ထားရမယ်လို့လည်း ဆိုပါတယ်။ပဏာမရွေးချယ်ခံရသူ‌တွေကိုသာ လူတွေ့စစ်ဆေးမှာဖြစ်ပြီး အချိန်ကို ပြန်လည်အကြောင်းကြားပေးမယ်လို့လည်း သိရပါတယ်။



news-view-count-icon

19