မကွေးတိုင်း၊ ရေစကြိုမြို့ရှိ ရွှေချောင်းမြစ်ရေတင်စီမံကိန်းက လျှပ်စစ်မီးသွယ်တန်းထားတဲ့ မီးကြိုးတွေ အခိုးခံရလို့ ကျေးရွာ ၄ ရွာမှာရှိတဲ့ လယ်ဧက ၄၀၀ နီးပါး စပါးစိုက်ပျိုးနိုင်ခြင်းမရှိတော့ဘူးလို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။အဆိုပါရေတင်စီမံကိန်းကနေ ကျွန်းမကြားကျေးရွာ၊ ရွှေချောင်းကျေးရွာ၊ ညောင်စောက်ရွာနဲ့ ရွာသစ်ရွာစတဲ့ ၄ ရွာမှာရှိတဲ့ လယ်ဧက ၄၀၀ နီးပါးကို ရေပေးတာဖြစ်ပြီး လျှပ်စစ်မီးကြိုး အခုလိုခိုးယူခံရတာကြောင့် ရေမ ပေးနိုင်တာကြောင့် တောင်သူတွေ မိုးစပါးစိုက်ပျိုးလို့မရနိုင်တာလို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။အဆိုပါရေတင်စီမံကိန်းဟာ ချင်းတွင်းမြစ်ကနေ အမှတ် ၈ သုခဝတီရပ်ကွက်ကတဆင့် အထက်ပါကျေးရွာ တွေကို ရေပေးနေတာဖြစ်တယ်လို့သိရပါတယ်။



