ကမ္ဘာ့အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ Mrs Grand International 2025 မှာ မြန်မာနိုင်ငံကိုယ်စား ချင်းအမျိုးသမီး Mrs. Catherine Barry က ပါဝင်ယှဉ်ပြိုင်ရာ Mrs Grand International 2025 သရဖူအပါအဝင် ဆုလေးခုရရှိတယ်လို့သိရပါတယ်။ Mrs. Catherine Barry ခေါ် Nu Thawng Par (၄၃နှစ်)ဟာ ကလေး လေးယောက်ရဲ့မိခင်ဖြစ်ပြီး လက်ရှိ ရန်ကုန်မြို့မှာနေထိုင်လျက်ရှိပါတယ်။
၎င်းရရှိတဲ့ဆုတွေကတော့
𝙈𝙧𝙨 𝙂𝙧𝙖𝙣𝙙 𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 2025 သရဖူ
𝘽𝙚𝙨𝙩 𝙄𝙣 𝙀𝙫𝙚𝙣𝙞𝙣𝙜 𝙂𝙤𝙬𝙣
𝘽𝙚𝙨𝙩 𝙄𝙣 𝙉𝙖𝙩𝙞𝙤𝙣𝙖𝙡 𝘾𝙤𝙨𝙩𝙪𝙢𝙚
𝙋𝙚𝙤𝙥𝙡𝙚 𝘾𝙝𝙤𝙞𝙘𝙚 𝘼𝙬𝙖𝙧𝙙 တို့ဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့်နိုင်ငံတွေကတော့ မြန်မာ၊ အမေရိကန်၊ မက္ကစီကို၊ Royal Ocean၊ မွန်ဂိုလီယာ၊ တရုတ်၊ ဗီယက်နမ်၊ နီပေါ၊ Trinidad And Tobago၊ ဗင်နီဇွဲလား၊ UAE၊ ကူဝိတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဘော်နီယို၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဟောင်ကောင်၊ စင်ကာပူ စတဲ့ (၁၉) နိုင်ငံမှ အလှမယ် ၂၁ ယောက် ပါဝင်ကြပါတယ်။



